သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ
လူတွေရဲ့ ကြောင်းကျိုးဆက်စပ်ပြီး မစဉ်းစားလေ့ရှိပုံကို သက်သေပြနိုင်ဖို့ မြောက်တွေကို
သုံးပြီး စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ဖူးတယ်။
လှောင်အိမ်တစ်ခုရဲ့
ထိပ်အလယ်ပိုင်းမှာ ဌက်ပျောသီးကို ချည်ထားလိုက်ပြီး မြောက်ငါးကောင်ကို လှောင်အိမ်ထဲ
ထည့်လိုက်တယ်။ မြောက်တွေဟာ ဌက်ပျောသီးကို တွေ့တော့ အပြေးအလွှား လုယက် ကြတော့တယ်။ ဌက်ပျောသီးကို
လှမ်းပြီး ဆွဲလိုက်ရော ရေတွေ တရဟော ကျလာပြီး မြောက်တွေအားလုံး စိုကုန်တယ်။ အကြိမ်ကြိမ်
ကြိုးစားပြီးတဲ့နောက်ပိုင်း မြောက်ငါးကောင်လုံးဟာ ရေစိုမှာ ကြောက်ပြီး ဌက်ပျောသီးကို
မထိရဲတော့ဘူး။
သိပ္ပံပညာရှင်တွေဟာ
မြောက်ငါးကောင်ထဲက တစ်ကောင်ကို ထုတ်ပြီး အသစ်တစ်ကောင် ထပ်ထည့်လိုက်တယ်။ အသစ်ရောက်လာတဲ့
မြောက်ဟာ ဌက်ပျောသီးကို မြင်တော့ လှမ်းယူဖို့ လုပ်လိုက်တဲ့အချိန်မှာ ကျန်မြောက်ဟောင်း
လေးကောင်ဟာ ၀ိုင်းပြီး ရိုက်တော့တာပဲ။ နောက်တစ်ခေါက် ထပ်ကြိုစားတော့ ထပ်ရိုက်ခံလိုက်ရတယ်။
အကြိမ်ကြိမ် ကြိုးစားပြီးတဲ့နောက်ပိုင်း မြောက်အသစ်ဟာ အရိုက်ခံရမှာ ကြောက်ပြီး ဌက်ပျောသီးကို
မထိရဲတော့ဘူး။
သိပ္ပံပညာရှင်တွေဟာ
ကျန်ရှိနေသေးသော မြောက်ဟောင်းလေးကောင်မှ နောက်တစ်ကောင်ကို အသစ်တစ်ကောင်နှင့် ထပ်မံလဲလိုက်တယ်။
အသစ် ထပ်ရောက်လာတဲ့ မြောက်ဟာ ဌက်ပျောသီးကို မြင်တော့ ချက်ချင်း လှမ်းဆွဲဖို့လုပ်တော့
ကျန်မြောက်တွေရဲ့ ရိုက်နှက်မှုကို ခံလိုက်ရပြီး ကြောက်သွားတယ်။ အသစ် ထပ်ဝင်လာတဲ့ မြောက်တွေဟာ
ရေစိုမှာကြောက်လို့ ဌက်ပျောသီးကို မထိရဲတာ မဟုတ်ဘဲ အရိုက်ခံရမှာ ကြောက်လို့ ဌက်ပျောသီးကို
မထိရဲတော့တာပါ။
ဒီလိုနဲ့
အရင်ဆုံးဝင်လာတဲ့ မြောက်အဟောင်းတွေကို မြောက်အသစ်တွေနဲ့ တဖြည်းဖြည်း လဲလာလိုက်တာ နောက်ဆုံး
မြောက်အဟောင်းတွေ ကုန်ပြီး မြောက်အသစ်တွေသာ ကျန်တော့တယ်။
သိပ္ပံပညာရှင်တွေဟာ
မြောက်အသစ် တစ်ကောင်ကို လှောင်အိမ်ထဲ ထပ်ထည့်လိုက်တယ်။ အသစ်ရောက်လာတဲ့ မြောက်ဟာ လှောင်အိမ်ထဲက
ဌက်ပျောသီးကို မြင်တော့ လှမ်းဆွဲဖို့ လုပ်တော့ ကျန်မြောက်တွေက ၀ိုင်းရိုက်ကြတယ်။ အခုတော့
လှောင်အိမ်ထဲမှာ ကျန်နေတဲ့ မြောက်တွေဟာ ဌက်ပျောသီး လှမ်းဆွဲတဲ့မြောက်ဆိုရင် ရိုက်ရမယ်ဆိုတဲ့
အစွဲ စွဲနေပြီ။ ဘာကြောင့် ရိုက်ရမယ်ဆိုတာကို သူတို့တွေ မသိကြပါဘူး။
ကျွန်ုပ်တို့
လူတော်တော်များများဟာလည်း ရှေးလူကြီးကြောင့်၊ ဟိုလူကြောင့်၊ ဒီလူကြောင့် ဆိုသော ဆင်ခြင်က
များနေပြီး ကိစ္စတစ်ခု၏ အကြောင်းရင်းကို သိအောင် မကြိုးစား၊ မစဉ်းစားလေ့ရှိကြပါ။ ငါဘယ်သူလဲ
ဆိုသော ဇာတ်လမ်းကို ဖတ်ကြည့်ပြီး မိမိကိုယ်ကို ပိုမိုနားလည်နိုင်မယ်လို့ ယုံကြည်မိပါတယ်။
မှတ်ချက် ...
ဤဇာတ်လမ်းထဲရှိ
မြောက်ပုံပြင်ဟာ ကျွန်မဖတ်ဖူးတဲ့ ဇာတ်လမ်းတစ်ခုကနေ မှတ်မိသလောက် ပြန်လည်ရေးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းက အရမ်းကောင်းတော့ အချိန်တွေကြာပြီး စာရေးဆရာကိုတောင် မေ့နေပြီ ဖြစ်ပေမယ့်
ဇာတ်လမ်းကိုတော့ မှတ်မိနေတုန်းပါပဲ။
ဒီပုံပြင်လေးရဲ့
စာရေးဆရာကို ဇာတ်လမ်းကို ပြန်ယူသုံးပြီး Credit မပေးမိတဲ့အတွက် တောင်းပန်ပါတယ် လို့ပြောချင်ပါတယ်။
စာဖတ်သူတွေကိုတော့
အသုံးအနှုန်း မှားတာလေးတွေရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။ လာရောက်ဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဆက်လက်ကြိုးစားပြီး ရေးသွားမှာပါ။
Merkur 34C - Best Merkur 34C Reviewed & Rated
ReplyDeleteMerkur 34C is a high quality, high-quality safety razor, made for experienced wet 메리트카지노총판 shavers. Merkur's 34C review looks 인카지노 at its หาเงินออนไลน์ safety and features.